(ပြည်တွင်း)နိုဝင်ဘာ ၁
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ် အဝန်း ၄၇၅ ဧက ရှိသော နယ်မြေကို ရေထွက်ကျောက်ခေါင်း (လင်းဝေး)ဘူမိရုပ်သွင်ထူးခြားနယ်မြေအဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၉၃/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာ လ ၂၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
ရေထွက်ကျောက်ခေါင်း (လင်းဝေး)သည် ပင်လယ်ရေမျက်နှာ ပြင် အထက် ပေ ၃,၇၀၀ မှာတည်ရှိပြီး မြေပြန့်လွင်ပြင်နည်းပါးတဲ့ ထုံး ကျောက်လိုဏ်ဂူတောင်တန်းဖြစ်သည်။ ထုံးကျောက်လိုဏ်ဂူတောင်တန်း သည် ဧက ၂၀ ခန့်ကျယ်ဝန်ပြီး ဒေသအခေါ် နဂါးအင်းတောရေဝပ်ဧရိယာဟု ခေါ်ပါတယ်။
ရေထွက်ကျောက်ခေါင်းတွင် ဂူ ၂ ခုရှိပြီး ဂူအမှတ် (၁)ဟာ ဂူမျက်နှာဝဟာ ၃၆ ပေကျယ်ဝန်းပြီး ၄၈ ပေအမြင့် ရှိကာ ရေငုပ်၍ ဝင်ရောက်ပါက အတွင်းသို့ ၂,၆၅၀ ပေအထိသာ ဝင်ရောင်နိုင်ပါတယ်။ ဂူအမှတ် (၂) ဟာ ဂူမျက်နှာဝ ၃၅ ပေ ကျယ်ဝန်းပြီး ၁၀ ပေအမြင့်ရှိကာ အတွင်းပိုင်းသို့ ပေ ၂၀၀ ထိသာ ဝင်ရောက်နိုင်ကြောင်း သိရပါ တယ်။
သတ်မှတ်ခဲ့တဲ့ ဘူမိရုပ်သွင်ထူးခြားနယ်မြေအတွင်းမှာ နို့တိုက်သတ္တဝါမျိုးစိတ် ၂၄ မျိုး၊ ငှက်မျိုး စိတ် ၄၆ မျိုး တို့ ပါဝင်တာကြောင့် ရှားပါးမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်နိုင်ပြီး သုတေ သနပြုလုပ်ခြင်းနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်သဖြင့် ဒေသခံများ ၏ စီးပွားဖွံ့ဖြိုးမှုတို့ကို အထောက်အကူဖြစ်စေကြောင်း သိရပါတယ်။
#PAN