
(ပြည်တွင်း) ဇွန် ၂၇
(၃၉) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ (ကမ္ဘာ့ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့) အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဖမ်းဆီးရမိထားသော စုစုပေါင်း ကျပ် ၂,၂၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀၃ သန်း) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပရီကာဆာ ဓာတုဗေဒပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားများကို တာဝန်ရှိသူများက မြို့ကြီး ၃ မြို့တွင် ခွဲခြားကျင်းပခဲ့သည်။ ရန်ကုန်မြို့တွင် ကျပ် ၁,၁၇၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ပရီကာဆာ ဓာတုပစ္စည်း ၈ မျိုး၊ တောင်ကြီးမြို့တွင် ကျပ် ၆၁၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၉၃ မျိုး၊ မန္တလေးမြို့တွင် ကျပ် ၄၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၇ မျိုး တို့ကို အသီးသီး မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ယခု မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများသည် ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပါအဝင် နိုင်ငံတစ်ဝှမ်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ္စည်းများထဲတွင် ဘိန်းဖြူ၊ ဘိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား၊ မက်သဖက်တမင်း (အိုက်စ်)၊ ဆေး ခြောက်၊ ကက်တမင်း၊ ဘိန်းစာရွက်၊ လက်ရှိ ခေတ်စားနေသော မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် Happy Water နှင့် အက်တက်စီ (Ecstasy) တို့ ပါဝင်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလDescriptor ၃၁ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ တပ်မတော်၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးပပျောက်ရေးရဲတပ်ဖွဲ့တို့က အရှိန် အဟုန်မြှင့် ဖမ်း ဆီးအရေးယူခဲ့ရာမှ ယခုကဲ့သို့ ကျပ် ၂ ထရီလီယံကျော်ဖိုးအထိ စံချိန်တင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN