
(နိုင်ငံတကာ) ဇွန် ၂၇
ကမ္ဘာပေါ်တွင် လုံခြုံရေး အစောင့်အရှောက်ဆုံးနှင့် ဝေဟင်ထိန်းချုပ်မှုအပြင်းထန်ဆုံး မြို့ကြီးများအနက် တစ်မြို့ဖြစ်သည့် တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ သောကြာနေ့မွန်းလွဲပိုင်းက လေယာဉ်ငယ်တစ်စင်းသည် မြို့တော်၏ အမြင့်ဆုံးအဆောက် အအုံကို ဝင်တိုက်ခဲ့သည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ပေကျင်းမြို့ရှိ ဗဟိုစီးပွားရေးဇုန် (CBD) တွင် တည်ရှိပြီး ‘China Zun’ ဟုလည်း လူသိများသည့် ၁၀၉ ထပ်မြင့် CITIC Tower မိုးပျံတိုက်ကြီးကို ပြည်တွင်းဖြစ် လေယာဉ်ငယ်တစ်စင်းက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းများအရ တိုက်ကြီးပေါ်မှ အပျက်အစီးများ ပြုတ်ကျလာခဲ့ပြီး၊ မြေပြင်ပေါ်တွင် လေယာဉ်၏ အမြီးပိုင်းအပိုင်းအစနှင့် မှန်ကွဲနေသည့် အငှားယာဉ် (Taxi) တစ်စင်းတို့ကို တွေ့မြင်ခဲ့ရသည်။
ဖြစ်ပွားပြီးနောက် မိုးပျံတိုက်ကြီးအတွင်းရှိ လူများကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး အဆောက်အအုံအဝင်ဝတွင် မီးသတ်ကားများ၊ ရဲကားများနှင့် လူနာတင်ယာဉ်များ ဝိုင်းအုံရောက်ရှိလာခဲ့ကြောင်း CNN သတင်းဌာနက ဖော် ပြသည်။
အွန်လိုင်းပုံရိပ်များရှိ လေယာဉ်မှတ်ပုံတင်ကုဒ်အရ အဆိုပါလေယာဉ်မှာ လေသူရဲသင်တန်းပေးခြင်း၊ အပန်းဖြေပျံသန်းခြင်းနှင့် ဝေဟင်ဓာတ်ပုံရိုက်ကူးခြင်း ဝန်ဆောင်မှုပေးသည့် ဒေသတွင်း အထွေထွေလေကြောင်းလိုင်းကုမ္ပဏီတစ်ခုပိုင် ‘Sunward SA 60L Aurora’ အမျိုးအစား ပြည် တွင်းဖြစ် အပေါ့စားအားကစားလေယာဉ်ငယ် ဖြစ်ကြောင်း သိရသည်။
Flightradar24 ၏ အတည်မပြုနိုင်သေးသော ပျံသန်းမှုအချက်အလက်များအရ လေယာဉ်သည် ပေကျင်းမြို့ရှိ ရှိဖိုစိ (Shifosi) လေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် ၎င်း၏ ပျံသန်းမှုလမ်းကြောင်းမှ ပြင်းထန်စွာ သွေဖည်သွားခဲ့ခြင်းဖြစ်ကြောင်း ပြသနေသည်။
ပေကျင်းမြို့တော်တွင် ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကတည်း က အစိုးရခွင့်ပြုချက်မရှိဘဲ ဒရုန်းအပါအဝင် မည်သည့်လေယာဉ်မျှ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းနှင့် ပျံသန်းခြင်းမပြုရန် တင်းကျပ်သည့် စည်းမျဉ်းသစ်များ ချမှတ်ထားစဉ် ယခုကဲ့သို့ စီးပွားရေးဇုန်အလယ်တွင် မိနစ် ၂၀ နီးပါး ပျံသန်းကာ အဆောက်အအုံကို ဝင်တိုက်ခဲ့သည့်အပေါ် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည်။
လတ်တလောတွင် ပေကျင်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုနှင့် မြို့ တော်အစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ဖြေကြားခြင်း မရှိသေးဘဲ အခြေအနေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN