(နိုင်ငံတကာ) အောက်တိုဘာ ၃၁
ဘေဂျင်းကနေ နယူးယောက်ကို ၂ နာရီအတွင်းနဲ့ အရောက်သွားနိုင်တဲ့ စူပါဂျက်လေယာဉ်ကို တရုတ်အင်ဂျင်နီယာတွေက စမ်းသပ်နေကြောင်း သိရပါတယ်။
Mach 4 လို့ နာမည်ပေးထားတဲ့ စီးပွားဖြစ် လေယာဉ် ရှေ့ပြေးပုံစံဖြစ်ပြီး အရပ်ဖက်သုံး အသံထက်မြန်တဲ့ ဂျက်လေယာဉ် Concorde ထက် ၂ ဆပိုမြန်တယ်လို့ လည်း သိရပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့ အဆိုအရတော့ ဒီလေယာဉ်ဟာ ခရီးသည်တွေကို ၂ နာရီအတွင်း ဘေဂျင်းကနေ နယူးယောက်ဆီ ပို့ဆောင်ပေးနိုင်မယ်လို့လည်း သိရပါတယ်။
ပထမဆုံးပျံသန်းမှုကို ၂၀၂၇ မှာ ပြုလုပ်နိုင်ဖို့လည်း ရည်မှန်းထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews