မြောက်ကိုးရီးယား အထူးတပ်ဖွဲ့များ ယူကရိန်းစစ်မြေပြင်သို့ စေလွှတ်ခံရဖွယ်ရှိကြောင်း တောင်ကိုးရီးယားလွှတ်တော်အမတ်များဆို


(နိုင်ငံတကာ) အောက်တိုဘာ ၃၀

မြောက်ကိုးရီးယား အထူးတပ်ဖွဲ့မှ စစ်သားများအား ယူကရိန်းစစ်မြေပြင်သို့ စေလွှတ်ခံရဖွယ်ရှိကြောင်း တောင်ကိုးရီးယားအမတ်များကဆိုသည်။

ရုရှား၏ရှေ့တန်းစခန်းများတွင် စစ်ရေးအရ အနီးကပ်သင်ယူရန်အတွက် မကြာမှီပို့ဆောင်နိုင်ကြောင်း ထောက်လှမ်းရေးသတင်းများအား ကိုးကား၍ တောင်ကိုရီးယားလွှတ်တော်အမတ်များကဆိုသည်။

လက်ရှိအချိန်တွင် မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံအရှေ့ပိုင်းတွင် စစ်ပညာသင်ယူနေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပြီး ယခင်က အင်အား ၃၀၀ ဝန်းကျင်ခန့်မှန်းခဲ့သော်လည်း ယခုအခါ ၁၀၀၀၀ ခန့်ရှိနိုင်ကြောင်းဆိုသည်။

ရုရှားသို့ စစ်သားစေလွှတ်ရေးသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်တွင် မကြာမှီမြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားသို့သွားရောက်မည့်သတင်းလည်း ထပ်မံထွက်ပေါ်လာသည်။

Telegram»…
https://t.me/positiveanglenews

PAN