(နိုင်ငံတကာ) အောက်တိုဘာ ၃၀
စပိန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးရေချိန် ၁၂ လက်မခန့် ရွာသွန်းခဲ့သောကြောင့် နာရီပိုင်းအတွင်း ပြင်းထန်သည့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။
ဗလင်စီယာမြို့ပေါ်ရှိ လမ်းများတွင် ရွှံရေများ လျှံတက်လာကာ အဆောက်အဦးများ ပြိုပျက်ခဲ့ပြီး မော်တော်ယာဉ်များ မျောပါသွားကြောင်း သိရသည်။
အဆိုပါ ရေလွှမ်းမိုးမှုကြောင့် လူပျောက်ဆုံးမှုအများအပြားရှိနေပြီး အရေအတွက်ကို စီစစ်ဆဲဖြစ်ကြောင်း အာဏာပိုင်များကထုတ်ပြန်ထားပြီး မလိုအပ်ပါက အသွားအလာရှောင်ကျဉ်ရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
စပိန်နိုင်ငံ၏ မိုးလေဝသအေဂျင်စီ AEMET ၏အဆိုအရ ဗလင်စီယာတစ်ဝိုက်အပါအဝင် အချို့နေရာများအတွက် အင်္ဂါနေ့တွင် ပြင်းထန်သောမိုးသတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်းသိရသည်။
အချို့နေရာများတွင် မိုးရေချိန်ခန့်မှန်းချက်သည် အချိန်တိုတိုအတွင်းပင် ကျော်လွန်သွားခဲ့ပြီး ဗလင်စီယာမြို့ အရှေ့ဘက်ရှိ Chiva တွင် လေးနာရီအတွင်း မိုးရေချိန် 320 မီလီမီတာ ရှိခဲ့ကြောင်း European Severe Weather Database အရ သိရသည်။
Telegram»…
https://t.me/positiveanglenews