(ပြည်တွင်း) အောက်တိုဘာ ၃၀
မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်ကျော်မြင့်ဦး (MD 372855) သည် မလေးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့မှုအတွက် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act – 4) အရ မှီခိုသူ အကျိုးခံစားခွင့် ရရှိရန် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ (PERKESO)သို့ ညှိနှိင်းဆောင်ရွက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သည့် မှီခိုသူအကျိုးခံစားခွင့် ငွေကျပ် ၂၄၉၉၃၅၂၈ ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လက်ခံရရှိ ခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲသည် ပြည်ပ၌ တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ ရရှိရေး အတွက် ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ (PERKESO) နှင့် လူမှုဖူလုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MOC) ကို ၂၀၂၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရန် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act – 4)အရ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား ၃၂ ဦး၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များအား မှီခိုသူမိသားစုဝင်များက ရရှိခံစားလျက် ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews