(နိုင်ငံတကာ) အောက်တိုဘာ ၂၉
တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းဘက်က အသုံးပြုခဲ့မယ်ဆိုရင် လက်တုံပြန်မယ့် အစီအစဉ်တွေကို ရေးဆွဲထားပြီးသားဖြစ်တယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးမပြုဖို့ ကန့်သတ်ထားတာကို ဖယ်ရှားလိုက်မယ်ဆိုရင် ရုရှားကလည်း မဆိုင်းမတွတုံပြန်မှာလို့ သူက ပြောခဲ့တာပါ။
ယူကရိန်းဟာ ရုရှားပိုင်နက်တွေအထဲထိ ပစ်ခတ်တိုက်ခိုက်ဖို့အတွက် တာဝေးပစ်အသုံးပြုခွင့်ကို တောင်းဆိုနေတာကြာပါပြီ။ ဒါပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့က လက်မခံဘဲ ကန့်သတ်ထားခဲ့တာပါ။
ယူကရိန်းတပ်ဟာ ဒီလက်နက်တွေကို သူတို့ဘာသာ မသုံးနိုင်ဘူးလို့လည်း ပူတင်က ပြောဆိုခဲ့ပြီး အနီးကပ်ကူညီပေးသူ ရှိမှသာ ပစ်ခတ်နိုင်လိမ့်မယ်လို့လည်း အရိပ်အမြွက်ပြောဆိုကာ အမေရိကန်နဲ့ အနောက်အုပ်စုကို ရည်ရွယ်ပြောဆိုခဲ့ပါ သေးတယ်။
Telegram»…
https://t.me/positiveanglenews