(ပြည်တွင်း) အောက်တိုဘာ ၂၉
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်သို့ လာရောက်လည်ပတ်ရန် ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်ပြုလုပ်သူ များပြားလျက်ရှိကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
ဟိုတယ်အခန်းခဈေးနှုန်းများ ယခင်ထက် အနည်းငယ်မြင့်တက်လာပေမယ့် အောက်တိုဘာလ စတုတ္ထပတ်မှ စတင်ကာ အခန်းကြိုတင်မှာယူသူတွေ များပြားလာခဲ့ရာ မီးပုံးပျံပွဲတော်ပြုလုပ်မည့် အဝေရာမီးပုံးပျံကွင်းအနီးရှိ ဟိုတယ်/တည်းခိုခန်းများမှာ ပွဲတော်ရက်များအတွက် အခန်းပြည့်လုနီးပါးအထိပင် ရှိနေတယ်လို့သိရပါတယ်။
လက်ရှိ ရက်ပိုင်းအတွင်း ဟိုတယ်နှင့်တည်းခိုခန်း အခန်းခဈေးနှုန်းများမှာ သိသိသာသာမြင့်တက်လာကြောင်းနှင့် အခန်း ဈေးနှုန်းများမှာ ဟိုတယ်တစ်ခုနှင့် တစ်ခုမတူပေမယ့် ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews