ကလောမြို့မှာ (၁၉) ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကျင်းပမည်


(ပြည်တွင်း) အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် (၁၉) ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့် မီးကြာစံ ထွန်းညှိ ပူဇော်ပွဲကို လာမည့် နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ ၃ ရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲတော်ကို ကလောမြို့ရှိ ကလောမြို့ပန်းခြံမှာ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး အဖွဲ့ပေါင်း ၁၅ ဖွဲ့မှ နေ့ရက်အလိုက်အလှည့်ကျ ထွန်းညှိပူဇော်မှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေ့ရက်အလိုက်အလှည့်ကျ ထွန်းညှိပူဇော်မှုများအနေနဲ့ နိုဝင်ဘာလ ၁၆ ရက်မှာ Kalaw Net၊ မြက်ရဲအင်း၊ ပဲရင်းတောင်၊ မီးနဂါး၊ Fire Baby၊ နိုဝင်ဘာလ ၁၇ ရက်တွင် မီးဝိဇ္ဇာ၊ မှော်ဝင်၊ ရွှေမြန်မာ၊ ရှမ်းပျော်၊ သာယာကုန်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် ဘုံစု(ခ)ယံကြွား၊ အင်းပြင်၊ စခန်းသာ လူငယ်၊ ရွှေဥမှင်၊ Phoenix အဖွဲ့တွေက ထွန်းညှိ ပူဇော်မှုများပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN