(မှုခင်း) အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ ဒေါင်းရွာလမ်းထိပ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင်ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က အိမ်စီးကား၊ လိုက်ထရပ်နှင့် သုံးဘီးဆိုင်ကယ်တို့ ဆင့်တိုက်မိခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦးမှာ လက်ဆစ်လွဲဒဏ်ရာ၊ ကလေးတစ်ဦးမှာ မျက်နှာပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဒဏ်ရာရရှိသူနှစ်ဦးအား သထုံမြို့နယ် ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းက ကူညီကယ်ဆယ်ပေးခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN