ဝဲပတန်ကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားလျက်ရှိ


(ပြည်တွင်း) အောက်တိုဘာ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဝဲပတန်ကျေးရွာအုပ်စုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ကျား ၂၅ ဦး ၊ မ ၁၉ ဦး၊ စုစုပေါင်း ၄၄ ဦးရှိပြီး လူနာများအား အလှပ်ဆေးရုံတွင် ဆေးဝါးကုသမှုပေးနေပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ပါဝင်မှု ရှိ/မရှိအား ဓါတ်ခွဲခန်းသို့ပို့ဆောင်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ် မြို့နယ်ကျန်းမာရေးဌာနမှ လိုအပ်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN