အိန္ဒိယမြို့တော်တွင် လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေ


(နိုင်ငံတကာ) အောက်တိုဘာ ၂၈

အန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင် လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေကြောင်း သိရသည်။

နယူးဒေလီမြို့တော်တွင် မြို့အစိတ်အပိုင်းအနှံ့အပြားတွင် မြူခိုးများ ထူထပ်စွာ ဖုံးအုပ်နေပြီး လာမည့်သီတင်းပတ်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

ဇန်နဝါရီ ၁ ရက်နေ့အထိ မီးရှူးမီးပန်းများ ပစ်ဖောက်မှုအား ပိတ်ပင်ထားသော်လည်း မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ အမှိုက်မီးရှို့ခြင်းများကြောင့် လေထုညစ်ညမ်းမှုများကြောင့် ပိုမိုဆိုးရွားနိုင်ကြောင်းသိရသည်။

အဆိုပါလေထုညစ်ညမ်းမှုများကြောင့် အိန္ဒိယနိုင်ငံသားအချို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN