(နိုင်ငံတကာ) အောက်တိုဘာ ၂၇
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း ဒါနာကြောင့် သဘာဝဘေးအန္တရာယ်များဖြင့် ရင်ဆိုင် နေရကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၅ ရက်က အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု ပြည်နယ် အာဏာပိုင်များက ပြောကြားခဲ့သည်။
အိုဒီရှာပြည်နယ်တွင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ကီလိုမီတာ ၁၁၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အိုဒီရှာပြည်နယ်တွင် မုန်တိုင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားရကြောင်း လေကြောင်းခရီးစဉ်များနှင့် ရထားခရီးစဉ် ၂၀၀ ခန့်ကို ရပ်ဆိုင်းထားကြောင်း၊ မုန်တိုင်းကြောင့် မုန်တိုင်းတိုက်ခတ်နိုင်သည့် လမ်းကြောင်း တစ်လျှောက်ရှိ ပြည်သူငါးသိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်က ပြောကြားခဲ့သည်။
ထို့ပြင် မုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသော မြေပြိုမှုကြောင့် အသက်သေဆုံးမှု မရှိခဲ့သော်လည်း နေအိမ်များနှင့် အခြေခံအဆောက်အအုံတချို့ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအကြီးအကဲ ဒီလစ် ရောက်တာရီ က ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews