အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေးအတွက် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံ ရေးတပ်ဖွဲ့အား အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက်


(ပြည်တွင်း)အောက်တိုဘာ ၂၆

ငါန်းဇွန်းမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေး လှည့်ကင်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်ခန့်က ငါန်းဇွန်မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ ရဲပဒိုင်းကျေးရွာအဝင် မြစ်ရေတင်(ရွာသစ်)တာပေါင်ပေါ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ ရောက်ရှိစဉ် အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးတို့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးအား မန္တလေးနန်းတွင်း တပ်မတော်ဆေးရုံသို့ ဆေးကုသမှုခံယူရန် တင်ပို့ထားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရဲပဒိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်များနှင့် သတင်းပေးဆက်စပ်မှုရှိသည့် အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့​ကြောင်းကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN