ရွှေဘိုမြို့ သူ တရားခံ နှင်းစန္ဒာအောင်(ခ)တုတ်တုတ်အား ဥပဒေပုဒ်မ ၅၂ (က)အရ အမိန့်ချမှတ်


(မှုခင်း) အောက်တိုဘာ ၂၆

အောက်တိုဘာ ၂၅ ရက်နေ့ယမန်နေ့က တရားခံတစ်ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိသူ နှင်းစန္ဒာအောင်(ခ)တုတ်တုတ်သည် ၎င်း၏ လက်ကိုင်ဖုန်းအတွင်း၌ လူမှုကွန်ရက်တွင် အကြမ်းဖက်အားပေးစာသားများအား ဖြန့်ဝေလှုဆော်ခြင်း၊ Post တင်ခြင်း၊ Share ခြင်းများ ပြုလုပ်ထားသည့် အတွက် တရားခံ နှင်းစန္ဒာအောင်(ခ)တုတ်တုတ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး နစက မှ အသိပေး သတင်းထုတ်ပြန် ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN