အနီကတ်ကို အယူခံဝင်မဝင်ဘူးလို့ ပြောခဲ့တဲ့ ဖီနာဘာဂျီနည်းပြ မော်ရင်ဟို

(အားကစား) အောက်တိုဘာ ၂၆

      မန်ယူအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရပေမယ့်လည်း ၎င်းပြစ်ဒဏ်အပေါ် အယူခံဝင် သွားမှာမဟုတ်ဘူးလို့ ဖီနာဘာချီနည်းပြ မော်ရင်ဟို က ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ မော်ရင်ဟို ဟာ မန်ယူအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောမပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် စောဒကတက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

      ဥရောပပွဲစဉ်တွေမှာ ကွင်းလယ်ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှားတွေက မကြာခဏဖြစ်နေတာကြောင့် ဥရောပပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်မရှိတော့ဘူးလို့ နည်းပြ မော်ရင်ဟို က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

      ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကို စိတ် ပျက်မိတာကြောင့် အခုပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အနီကတ် ပြစ်ဒဏ်ကိုလည်း အယူခံဝင်သွားမှာမဟုတ်ဘူးလို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ နည်းပြ မော်ရင်ဟို ရဲ့ ဖီနာဘာချီ အသင်းဟာ မန်ယူအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

#PAN