“ကျိုက်ထီးရိုးစေတီတော်ကြီးတွင် တန်ဆောင်တိုင်ကာလ မသိုးသင်္ကန်းရက်လုပ်ခြင်းနှင့် ဆီမီး ၉,၀၀၀ ကပ်လှူ ပူဇော်ပွဲကျင်းပမည်”

(ပြည်တွင်း) အောက်တိုဘာ ၂၆

တန်ဆောင်တိုင်ကာလဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်(အဖိတ်နေ့)နှင့် ၁၅ ရက်(တန်ဆောင်မုန်းလပြည့်နေ့) တို့မှာ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတွင် ဆီမီး ၉,၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများကို ပြုလုပ်၍ စေတီတော်ကြီးသို့ ကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကြီးမှာ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို (၄၁)ကြိမ်မြောက်အဖြစ် ကျင်းပသွားမှာ ဖြစ်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်ညပိုင်းမှာ ပြုလုပ်မှာဖြစ်ပြီး ဆီမီး ၉,၀၀၀ ကိုတော့ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၁၅ ရက်မှာ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်း၍ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ယခုနှစ်သီတင်းကျွတ်ကာလအတွင်း ဘုရားဖူးလာရောက်သူများ ယခင်နှစ်ကထက် သိသိသာသာတိုးတက်လာပြီး အောက်တိုဘာလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၅ သောင်းကျော် လာရောက်ဖူးမြော်ခဲ့တယ်လို့ သိရပါတယ်။

PAN