ပဲခူးမြို့တွင် ပထမနှစ်ကျောင်းသူအား ချိန်းတွေ့နေစဥ် ရည်းစားဖြစ်သူမှ သူငယ်ချင်းနှင့် အတူပူးပေါင်း၍ လုယက်ခဲ့သူများအား ဖမ်းဆီးရမိ


(မှုခင်း) အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ပထမနှစ်ကျောင်းသူတစ်ဦးအား ၎င်းနှင့်ချစ်ကြိုက်နေသူ အမျိုးသားမှ သူငယ်ချင်းနှင့်အတူ ပူးပေါင်း၍ ခြိမ်းခြောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ၊ အမှတ် ၃ ရဲစခန်းအပိုင် ပဲခူးမြို့၊ ဥဿာမြို့သစ်(၇)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်(၆)ရှိ ဇရပ်တွင် သက်ဆွေဝင်း၊ ၂၅နှစ်၊ (ဘ)ဦးခင်မောင်၊ ယာဉ်မောင်း၊ စံပြလမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ပဲခူးမြို့နေသူနှင့် ၎င်း၏ သမီးရည်းစားဖြစ်သူ မ…အသက် ၂၀ နှစ်၊ ကျောင်းသူ၊ ပထမနှစ်(အရှေ့တိုင်းဘာသာ)၊ ပဲခူးမြို့နယ်နေသူတို့(၂)ဦးသည် စကားပြောနေစဉ် သက်ဆွေဝင်း ၏ သူငယ်ချင်းဖြစ်သူ ခန့်မင်းဇော်၊ အသက် ၂၁ နှစ်၊ (ဘ)ဦးဇော်မင်းထွန်း၊ ပြည်တော်သာရပ်ကွက်၊ ပဲခူးမြို့နေသူသည် ဆိုင်ကယ်နံပါတ်မပါ LONCIN အမျိုးအစား၊ ဖြူ/နက်ရောင်ဖြင့် ရောက်ရှိလာပြီး ခန့်မင်းဇော်မှ ကတ်ကြေး အရှည်(၁၀)လက်မခန့်ဖြင့် မ…၏ ဗိုက်အားထောက်၍ “မအော်နဲ့ ရွှေတွေချွတ်”ဟုပြောသဖြင့် ၎င်းတွင် ပါရှိသည့် ကျောက်အဝါနားဆွဲ တစ်ရံ ၅ ပဲ ၆ ရွေးခန့်(ကာလတန်ဖိုး သိန်း (၂၀)ကျပ်ခန့်)၊ ကျောက်တစ်လုံးလက်စွပ်တကွင်း ၂ ပဲ ၃ ရွေး (ကာလတန်ဖိုး ၉ သိန်းကျပ်ခန့်)နှင့် ဆင်းကဒ်ပါ Infinix hot 30 အမျိုးအစား၊ ခဲရောင်၊ဖုန်း(၁)လုံးတို့အား လုယက်ယူဆောင်နေစဉ် ရည်းစားဖြစ်သူ သက်ဆွေဝင်း အား ပစ္စည်းများအား လုယက်နေကြောင်းပြောရာ သက်ဆွေဝင်းမှ မကူညီဘဲ ဇရပ်အပြင်ဘက်သို့ထွက်သွားပြီး ဆိုင်ကယ်အားစက်နိုးကာ ခန့်မင်းဇော်အားတင်၍ မောင်းနှင်သွားခဲ့ရာ မ….မှ ၎င်း၏ နားဆွဲတစ်ရံ ၊ ကျောက်တစ်လုံးလက်စွပ်တကွင်း၊ ဖုန်း(၁)လုံးတို့အား ခြိမ်းခြောက်ရယူသူ ခန့်မင်းဇော်နှင့် သက်ဆွေဝင်းတို့အား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းမှုကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပဲခူးမြို့အမှတ် (၃)နယ်မြေရဲစခန်းမှ (ပ)၂၆၆/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးနေစဥ် ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိနေအိမ်တစ်ခုတွင် သက်ဆွေဝင်း ငှားရမ်းနေထိုင်ကြောင်း စုံစမ်းသိရှိရ သဖြင့် ၎င်းနေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာတွင် သက်ဆွေဝင်းနှင့်အတူ ခန့်မင်းဇော်အား အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အရှေ့ခန်း ကွပ်ပျစ်ပေါ်တွင် အဖြူရောင်ပိတ်စဖြင့် ထုပ်ထားသည့် ကျောက်အဝါ နားဆွဲတစ်ရံ (နောက်ပိတ်တစ်ဖက် မပါ)(ကာလတန်ဖိုးသိန်း ၂၀ ကျပ် ခန့်)၊ ကျောက်တစ်လုံးလက်စွပ်တကွင်း (ကာလတန်ဖိုး ၉ သိန်း ကျပ်ခန့်)၊ ဆင်းကဒ်ပါInfinix hot 30 အမျိုးအစား၊ ခဲရောင်၊ Keep Smile အညိုရောင်ကာဘာတပ်ဖုန်း ၁ လုံးနှင့် ခန့်မင်းဇော်ပိုင် BOWEISI တံဆိပ်ပါနက်ပြာရောင်ပိုက်ဆံအိတ် ၁ ခုတို့အား တွေ့ရှိရသဖြင့် သက်ဆွေဝင်း နှင့် ခန့်မင်းဇော်တို့မှ သက်သေများရှေ့တွင် သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

PKL

Telegram»…
https://t.me/positiveanglenews

PAN