မြန်မာ့အမျိုးသားလေကြောင်းလိုင်း ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်ကို အောက်တိုဘာ၂၇ ရက်မှစ၍ အချိန်ပြောင်းလဲ၍ ပျံသန်းပြေးဆွဲမည်


(ပြည်တွင်း) အောက်တိုဘာ ၂၆

မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်များကို အောက်တိုဘာ ၂၇ ရက်နေ့မှစတင်၍ လေယာဉ်အချိန်များကို မွန်းလွဲပိုင်းအချိန်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေ နေ့တွင် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင်ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင်ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ ၃ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး- ညောင်ဦး – ပုသိမ် – ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို ငွေကျပ် ၁၉ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို ငွေကျပ် ၁၁ဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို ငွေကျပ် ၃၆၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN