လူဦးရေစာရင်းပါ သိရှိနိုင်မယ့် ရန်ကုန်မြို့တော်မြေပုံထုတ်ဝေမည်

(ပြည်တွင်း)အောက်တိုဘာ ၂၅

     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေရဲ့ မြေပုံနဲ့အချက်အလက်တွေမှာ လူဦးရေစာရင်းကိုပါ သိရှိနိုင်တဲ့ ရန်ကုန်မြေပုံကို စတင်ထုတ်ဝေတော့မယ်လို့ ရန်ကုန်မြေပုံစီစဉ်ထုတ်ဝေရေးအဖွဲ့ကနေ သိရပါတယ်။

      ယခုလို အသေးစိတ်အချက် အလက်တွေ စုစည်းထုတ်လုပ်နိုင်ဖို့နဲ့ လက်ရှိရပ်ကွက်နယ် နိမိတ်၊ လမ်းမကြီး၊ လမ်းသွယ်နဲ့ လမ်းအမည်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်၊ တူးမြောင်း၊ ရေထိန်းတံခါး၊ ရထားလမ်း၊ တံတား၊ ခုံးကျော်တံတား စတဲ့ အချက်အလက်တွေ တိကျမှန်ကန်မှုရှိစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ရပ်ကွက်အဆင့်အထိ ချိတ်ဆက်ဆောင် ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်အပြင် မိုဘိုင်းဖုန်းကနေလည်း အသေးစိတ်အချက်အလက်တွေကို အလွယ် တကူကြည့်ရှုနိုင်အောင် ဆောင်ရွက်ထားတာဖြစ်တယ်လို့ ရန်ကုန်မြေပုံစီစဉ်ထုတ်ဝေရေးအဖွဲ့ ခေါင်းဆောင် ဦးအေးမင်းဦး ကဆိုပါတယ်။

     ရန်ကုန်မြေပုံစီစဉ်ထုတ်ဝေရေးအဖွဲ့ကို ၁၉၉၅ ခုနှစ်က Visit Myanmar Year အတွက် ရန်ကုန်မြေပုံ အသစ်ထုတ်ဝေဖို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဆက်ဆံရေးနှင့် ပြန်ကြား ရေးဌာနက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ မြန်မာ့ခရီးသွားနှစ်အတွက် ရန်ကုန်မြေပုံစာအုပ်ကို Design Printing Services Company ရဲ့ မြေပုံတွေနဲ့ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

      ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ရန်ကုန်မြေပုံထုတ်ဝေရေးအဖွဲ့က ရန်ကုန်မြို့တော် မြို့နယ်များမြေပုံ စာအုပ်ကို ထပ်မံထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

       လက်ရှိမှာတော့ ပထမအဆင့်အနေနဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီရဲ့ မြို့နယ်မှူး တွေက လိုအပ်ချက်တွေကို စိစစ်ဆောင်ရွက်လို့ရမယ့် QR Code စနစ်နဲ့ ပြုလုပ်ထားပြီး ဒုတိယအဆင့်အဖြစ် ပြည်သူလူထု အတွက် Download လုပ်လို့ရအောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#PAN