တောင်ကိုရီးယားသမ္မတအိမ်တော်ဝင်းအတွင်း အမှိုက်များပါသည့် မိုးပျံပူဖောင်းတစ်လုံး ကျရောက်ခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၂၅

     အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် တောင်ကိုရီးယားသမ္မတအိမ်တော်ဝင်းအတွင်းသို့ အမှိုက်များ ပါသည့် မိုးပျံပူဖောင်းတစ်လုံးကျရောက်မှု ဖြစ်ပွားခဲ့သည်ဟု တောင်ကိုရီးယားတာဝန်ရှိသူများက ပြော သည်။

       ဆိုးလ်မြို့လယ်ရှိ သမ္မတအိမ်တော်ဝင်းအတွင်းသို့ ကျရောက်သော မိုးပျံပူဖောင်းတွင် ပါဝင်သော အမှိုက်များ၌ မည်သည့်အန္တရာယ်ဖြစ်စရာ ပစ္စည်းမျှ ပါဝင်ခြင်းမရှိကြောင်း အိမ်တော်လုံခြုံရေးအဖွဲ့က ပြော သည်။ သို့သော် အမှိုက်များတွင် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုနှင့်ဇနီးတို့ကို အပြစ်တင်ဝေဖန်ထားသော လက်ကမ်း စာစောင်များပါဝင်ကြောင်း Dong-AIlbo သတင်းစာက အောက်တိုဘာလ ၂၄ ရက်နံနက်ပိုင်းတွင် ဖော်ပြထားသည်။

      ပြီးခဲ့သည့် သီတင်းပတ်များတွင် တောင်ကိုရီးယားနိုင်ငံမှ ဒရုန်းများက မြောက်ကိုရီးယားနိုင်ငံသို့ ဝင်ရောက် ကာ မြောက်ကိုရီးယားအစိုးရမကောင်းကြောင်း ရေးသားထားသည့် လက်ကမ်းစာစောင်များ ကြဲချသည်။

      ထို့ပြင် မြောက်ကိုရီးယား တာဝန်ရှိသူများက တောင်ကိုရီးယားမှ လွှတ်တင်လိုက်သော ဒရုန်းကို ရှာဖွေသိမ်းဆည်းလိုက် နိုင်ပြီးနောက် တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားတို့ကြား တင်းမာမှုပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

      အဆိုပါတင်းမာမှုများကြောင့် မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်ချိတ်ဆက်ထားသည့် လမ်းပိုင်းများကို ဖောက်ခွဲမှုများ လုပ် ဆောင်ထားကြောင်း သတင်းဌာနများက ဖော်ပြထားသည်ဟု JT သတင်းဌာနမှ သိရသည်။

#PAN