NATO အဖွဲ့ဝင် ခုနစ်နိုင်ငံက ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်မခံခဲ့

(နိုင်ငံတကာ) အောက်တိုဘာ ၂၅

     NATO အဖွဲ့ဝင် ခုနစ်နိုင်ငံက ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံမှု မရှိကြောင်း Politico သတင်း ဌာနက အောက်တိုဘာလ ၂၃ ရက်တွင် ဖော်ပြထား သည်ကို တွေ့ရသည်။ အလားတူ အမေရိကန်နှင့်ဂျာမနီတို့ ကဲ့သို့ နိုင်ငံကြီးများမှာလည်း ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်လာစေရေးအတွက် ဖိတ်ခေါ်မှုကို သက် တမ်းတိုးလိုခြင်းမရှိ ဖြစ်နေကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ထိုသတင်း ဌာနက ဆက်လက်ဖော်ပြထား သည်။

      ယူကရိန်း သမ္မတ ဇာလန်းစကီး က အောင်နိုင်ရေး အစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် တင်ပြခဲ့ရာ ထိုအစီအစဉ်၌ ၎င်း၏နိုင်ငံကို NATO အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံရမည်ဟူသော အချက်ပါဝင်သည်။ ဇာလန်းစကီး၏ တင်ပြချက်နှင့်ပတ်သက်၍ အမေရိကန်နှင့်ဂျာမနီတို့က လှိုက်လှိုက်လှဲလှဲသိပ်မရှိသော ကြောင့် ကျန်နိုင်ငံ များကလည်း နောက်ဆုတ်နေကြောင်း၊ အချို့နိုင်ငံကြီးများဆိုလျှင် ရုရှားနိုင်ငံနှင့်စစ်ပွဲအတွင်း ပိတ်မိနေမည်ကို စိုးရိမ်နေကြောင်း တာဝန်ရှိသူများက ပြောထားသည်ဟု RT သတင်းဌာနမှ သိရသည်။

#PAN