အသက် ၁၀၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်


(ပြည်တွင်း) အောက်တိုဘာ ၂၅

နတ်တလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နတ်တလင်းမြို့ တာပွန်တောင်ပိုင်း (၂) ရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်)ဖြစ်သူ တပ်သားဉာဏ်အေး (အငြိမ်းစား)အား အသက် ၁၀၁ နှစ် ဂါရဝပြု ထောက်ပံ့ငွေများကို အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက သွားရောက်ပေးအပ်ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တပ်သားဉာဏ်အေး (အငြိမ်းစား)အား ဂါရဝပြု နှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေ ကျပ် ၅၀၀၀၀၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ ငွေကျပ် ၅၀၀၀၀ နှင့် နတ်တလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲမှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀ ကို ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂါရဝပြုထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

အလားတူ ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကဒုံစီးရပ်ကွက်နေ တပ်သား ချစ်လှ(အငြိမ်းစား) အသက် ၁၀၂ နှစ်အား ဂါရဝပြုထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN