အောင်မြေသာစံမြို့နယ်တွင် မီးသီးအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


(မှုခင်း) အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက်(၂၀၂)၊ ၉၀×၉၁(A)လမ်း၊ ၂၅×၂၆ လမ်းကြားတွင် ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်နေမှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီကျော်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဥ်မှာ မနှင်းပွင့်မှုး၊ အသက် ၃၆ နှစ်၊ (ဘ)ဦးမြင့်မောင်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက် (၂၀၂)၊ အောင်မြေသာစံမြို့နယ်​နေ သူပိုင်ဆိုင်သော ၃၀×၄၀ ပေ၊ RC နှစ်ထပ်တိုက် အပေါ်ထပ်တွင် လျှပ်စစ်ဖြင့် မီးသီးအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဘေးရှိ ပျဉ်ထောင်၊ ပျဥ်ကာ နှစ်ထပ်အိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကာ ၁၅၁၀၀၀၀၀ သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ မနှင်းပွင့်မှုး အား အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN