မေရိကန် နိုင်ငံခြားရေးဝန်ကြီး မရောက်မီ အစ္စရေးကို ဟစ်ဇ်ဘိုလာတို့က ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့


(နိုင်ငံတကာ) အောက်တိုဘာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အစ္စရေး မရောက်မီနာရီပိုင်းအလို အောက်တိုဘာ လ ၂၂ ရက် နံနက်ပိုင်းတွင် ဟစ်ဇ်ဘိုလာတို့က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးရှိ စစ်ဌာနချုပ်နှစ်ခုနှင့် ဟိုင်ဖာမြို့ရှိ စစ်ဌာနချုပ်တစ်ခုတို့ကို ဒုံးကျည် အမြောက်အမြားဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အစ္စရေး က လက်ဘနွန်နိုင်ငံတောင်ပိုင်းနှင့်ဘေရွတ်မြို့တောင်ပိုင်းရှိ ဆင်ခြေဖုံးဒေသများကို ညလုံးပေါက်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဟစ်ဇ်ဘိုလာတို့က ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်။

အန်တိုနီ ဘလင်ကန်အနေဖြင့် အစ္စရေးသို့ လာရောက်မှုသည် အစ္စရေးနှင့်ဟားမက်စ်တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း (၁၁)ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ထိုခရီးစဉ်များ၌ အရှေ့ အလယ်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေးရရှိစေရန် ကြိုးပမ်းသော်လည်း ယနေ့အချိန်အထိ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆုံးရှုံးမှုများစွာ ရရှိထားသည့် ဟစ်ဇ်ဘိုလာတို့က အစ္စရေး နှင့်တိုက်ပွဲများ ဖြစ်နေစဉ်အတွင်း ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်သွားမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်ဟု TST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN