ထရမ့်သမ္မတ ဖြစ်လာပါက ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဥရောပပြင်ဆင်


(နိုင်ငံတကာ) အောက်တိုဘာ

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လာပါက ဥရောပသမဂ္ဂအနေဖြင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရန် အသင့်ပြင်ဆင်ထားကြောင်း သံတမန်အရင်းအမြစ်များ၏ပြောဆိုမှုကို ကိုးကား၍ Politico သတင်းဌာနက ဖော်ပြထားသည်။

ဥရောပသမဂ္ဂနှင့်အမေရိကန်တို့ကြား သွင်းကုန်ပို့ကုန် ကွာဟမှု အလွန် ကြီးမားနေသည့်အတွက် ပြင်းထန်သည့်ကုန်သွယ်ရေးဆောင်ရွက်မှုအသစ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကတိပြုထားသည့်အတွက် ထရမ့်အနေဖြင့် သမ္မတဖြစ်လာမည်ကို ဥရောပနိုင်ငံများက စိုးရိမ်နေ ခြင်း ဖြစ်သည်။

ထရမ့်သမ္မတဖြစ်စဉ်က အမေရိကန်နှင့်ဥရောပသမဂ္ဂတို့ကြားအပြန်အလှန် ပို့ကုန်အခွန်တိုးမြှင့်ကောက်ခံမှု များကို ချမှတ်ခဲ့သော်လည်း အသက်ဝင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ယခင်က ကဲ့သို့ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်း၊ ယင်းအတွက်ကြောင့် ထရမ့်သာ သမ္မတဖြစ်ခဲ့လျှင် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

Webpage>>…
https://positiveanglenews.com/2024/10/23/ဂါဇာဒေသ-အကူအညီပေးနိုင်င/

VK Link>>…
https://vk.com/wall-220066330_8832

Telegram»…
https://t.me/positiveanglenews

PAN