ပရာဘိုဝို အင်ဒိုနီးရှား၏ ရှစ်ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို


(နိုင်ငံတကာ) အောက်တိုဘာ၂၁

အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ်ဟောင်း တစ်ဦးဖြစ်သည့် ပရာဘိုဝိုဆူလီယန်တို က အင်ဒိုနီးရှားနိုင်ငံ၏ ရှစ်ဦးမြောက်သမ္မတအဖြစ် အောက်တိုဘာလ ၂၀ ရက်တွင် လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

၎င်းနှင့်အတူ ဒုတိယသမ္မတ ဂီဘရန်ရာကာ ဘူမင်းရာကာ ကလည်း ကျမ်းသစ္စာကျိန်ဆိုသည်။ ထို့နောက် သမ္မတ အဖြစ် ပထမဆုံးမိန့်ခွန်းပြောရာ၌ ပရာဘိုဝို က ၎င်းသည် နိုင်ငံသားအားလုံးအတွက် အလုပ်လုပ်သွားမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် စိန်ခေါ်မှုများ၊ အတားအဆီးများ၊ အန္တရာယ်များကို ရဲဝံ့စွာ ရင်ဆိုင်နိုင်သည့် နိုင်ငံဖြစ်လာစေရန် ဦးဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကိုလည်း ထိုကဲ့သို့ရင်ဆိုင်နိုင်ရန် တိုက်တွန်း ပြောကြားသည်။

ထို့ပြင် ပရာဘိုဝို ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ယခင်သမ္မတဟောင်း ဂျိုကိုဝီဒိုဒို ချမှတ်ခဲ့သော မူဝါဒ လမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်းနှင့် တိုင်းပြည်အတွက် စားနပ်ရိက္ခာဖူလုံမှု ရှိအောင် ဖန်တီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုကျမ်းသစ္စာကျိန်ဆိုပွဲသို့ စင်ကာပူဝန်ကြီးချုပ်၊ မလေးရှားဝန်ကြီးချုပ်၊ ဘရူနိုင်းဆူတန်၊ ဖိလစ်ပိုင်သမ္မတ၊ တရုတ်ဒုတိယသမ္မတ၊ တောင်ကိုရီးယားဝန်ကြီးချုပ် နှင့် ရုရှားဒုတိယဝန်ကြီးချုပ်တို့ အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အယောက် ၃၀ ကျော်တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN