ဘုတလင်မြို့နယ် ဆယ်ဝရွာသစ်ကျေးရွာအနီး အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) အောက်တိုဘာ ၁၉

ယမန်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဆယ်ဝရွာသစ်ကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့မှုဖြစ်စဉ်မှ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ အိုင်ပေါင်းချောင်ကျေးရွာကို အသေးစိတ်ရှင်းလင်းခဲ့ရာ ကျေးရွာရှိ စပါးကျီအတွင်းမှ လက်လုပ်သေနတ်အရှည် ၁၆ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်သေနတ်(ပြုလုပ်ဆဲ) ၁၄ လက်၊ သေနတ်ပြောင်း ၁၆ ခု၊ ဒလက် ၄ ခုပါဗုံးသီး ၂ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ၁၂ ဗို့ကျည် ၆၀ တောင့်၊ ကျည် ၈ တောင့်၊ ဝါယာကြိုး ၁ ခွေ၊ သံပိုက်လုံး ၆ လုံး တို့ကို ထပ်မံ သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN