တောင်ကြီးတန်ဆောင်တိုင် ၇ ရက်တိုင်တိုင် ကျင်းပမည်


(ပြည်တွင်း) အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၏ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင် ၇ ရက်တိုင်ကျင်းပသွားမည်ဟု သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရာ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများအကြား သုံးနှစ်ကြာ ရပ်နားခဲ့ရပြီး ယမန်နှစ် ၂၀၂၃ ခုနှစ်မှ ပြန်လည်ကျင်းပခြင်း ဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်တွင် အဆိုပါ ပွဲတော်ကို နို၀င်ဘာလ(၉)ရက်နေ့မှ (၁၅)ရက်အထိ (၇) ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN