(နိုင်ငံတကာ) အောက်တိုဘာ ၁၈
ဂါဇာကမ်းမြှောင်တွင် ဟားမတ်စ်ခေါင်း ဆောင် Yahya Sinwar ကို ၎င်း၏ တပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည်ဟု အစ္စရေးက အခိုင်အမာပြောကြားသည်။ ဇူလိုင်လတွင် အစ္စရေးတို့ လုပ်ကြံခံရပြီးနောက် ဟားမတ်စ်၏ Ismail Haniyeh ကို ဆက်ခံသည့် Sinwar နှင့်ပတ်သက်၍ ဟားမတ်စ်ထံမှ မှတ်ချက်ပေးခြင်း မရှိသေးပါ။
ဂါဇာမြောက်ပိုင်း ဂျာဘာလီယာတွင် အစ္စရေး ၏ တိုက်ခိုက်မှုအတွင်း ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီးနောက် ဂါဇာအလယ်ပိုင်းရှိ Maghazi ဒုက္ခသည်စခန်းကို အစ္စရေး၏ တိုက် ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
Sinwar အသတ်ခံရကြောင်း ပြောကြားပြီးနောက် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က “ဒါဟာ ဂါဇာမှာ စစ်ပွဲရဲ့ အဆုံးမဟုတ်ဘူး”ဟု ပြောဆို သည်။
လက်ဘနွန်တောင်ပိုင်းတွင် တိုက်ပွဲများအတွင်း အစ္စရေးစစ်သားငါးဦး သေဆုံးပြီး ကိုးဦးသည် လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်ဒေသတို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
ဂါဇာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်၍ အစ္စရေး၏ တိုက်ခိုက်မှုများတွင် အနည်းဆုံး လူပေါင်း ၄၂,၄၃၈ ဦး သေဆုံးပြီး ၉၉,၂၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် အောက် တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးကို ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၁,၁၃၉ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော်ကို ဖမ်းဆီးထားခဲ့သည်။
#PAN