အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၄,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မင်းတည်းကုန်းကျေးရွာ၊ မြစ်ငယ် – ထုံးဘိုသွားကားလမ်းတွင် ငွေကျပ်သိန်း ၄,၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ည၇နာရီခွဲ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အမရပူရမြို့နယ်၊ မင်းတည်းကုန်းကျေးရွာ၊ မြစ်ငယ် – ထုံးဘိုသွားကားလမ်းတွင် မြင့်ဦး၊ မျိုးဇော်ဦး(ခ)သာကျော်၊ ရဲထွန်း နှင့် မောင်ဝင်း တို့အား မော်တော်ဆိုင်ကယ် ၄ စီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်များပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၇.၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၄၀၀)နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိတရားခံ မြင့်ဦး(၃၂)နှစ်၊ မျိုးဇော်ဦး(ခ)သာကျော်(၃၆)နှစ်၊ ရဲထွန်း(၃၈)နှစ် နှင့် မောင်ဝင်း(၅၂)နှစ်တို့အား မြစ်ငယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN