ကလောမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၃၁

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်၉နာရီ အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာနေ စိန်ညွန့်(ခ)သန်းထွန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂၂,၂၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၁၁ သိန်း)၊ ဘိန်းဆီခဲ အလေးချိန် ၁.၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၉.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ ဖမ်းဆီးရမိတရားခံ စိန်ညွန့်(ခ)သန်းထွန်း(၆၁)နှစ်အား ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN