ဆိုက်ခေါင်ကွန်ကရစ်တံတား အစားထိုးတည်ဆောက်ပေးနေသော ယာယီဘေလီတံတား ပြန်လည်ပြိုကျ


(ပြည်တွင်း) အောက်တိုဘာ ၁၇

ရေကြီးမှုဖြစ်စဉ်တွင်ပြိုကျသွားခဲ့သည့် ဆိုက်ခေါင်ကွန်ကရစ်တံတားအား အစားထိုးတည်ဆောက်ပေးနေသော ယာယီဘေလီတံတားသည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်နှစ်အချိန်ခန့်က ပြန်လည်ပြိုကျခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီဘေလီတံတားသည် တံတားကြမ်းခင်းခင်းနေစဉ် ဘေလီနှစ်ခုဆက်သည့် အလယ်​နေရာမှနေ၍ ချောင်းအတွင်းသို့ ထက်ပိုင်းကျိုးပြတ်ကျသွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း၊ တံတားကျိုးကျမှုကြောင့် လမ်းမပွင့်နိုင်သေးပဲ MPT ဖုန်းလိုင်းလည်းပြတ်တောက်သွားခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)အတွက် ဘေလီ ပေ ၁၆၀ အရှည်အသစ်တစ်စုံခွင့်ပြုချထား​ပေးပြီး ပေ(၇၀)မှာ ဆိုက်​ခေါင်တံတားထိပ်တွင် အသင့်စုပုံထားပြီးဖြစ်ကာ ကျန်​ဘေလီသံ​ဘောင်​ပေ (၉၀)မှာယ​နေ့​တွင် တောင်ကြီးနှင့် မိုင်းပန်အကြားသို့ ရောက်ရှိ​နေ​ပြီဖြစ်ပြီး၊ အဆိုပါ ဆိုက်​ခေါင်တံတားအား အသစ်ခွင့်ပြု​ပေးထား​သော ပေ(၁၆၀)​ဘေလီသံ​ဘောင်အသစ်များဖြင့်သာ တံတားထိုးသွားရန်ညွှန်ကြားလာသဖြင့်ယခုအခါ လက်ရှိ ဆိုက်​ခေါင်တံတားတွင် တံတားထိုး အသုံးပြုထား​သော​ ဘေလီသံ​ဘောင်များအားလုံးအား ပြန်လည်ဖြုတ်သိမ်းလျှက်ရှိ​ ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN