
(မိုး/ဇလ) ဩဂုတ် ၈
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အနီးတွင် ဩဂုတ်လ ၈ရက် နံနက် ၁၀ နာရီ ၅ မိနစ် အချိန်ခန့်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာချက်များအရ သိရသည်။
အဆိုပါမြေငလျင်သည် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ ပုဗ္ဗသီရိမြို့နယ်၏ အနောက်မြောက်ဘက် (၅) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၉.၉၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၄) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၁(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။