အမ်း-ပဒါန်းသွား ကားလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသော အရပ်သားပြည်သူ များ စီးနင်းလာသည့် မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နှောင့်ယှက်ပစ်ခတ်၊ ခရီးသွားပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်

(ပြည်တွင်း)အောက်တိုဘာ ၁၇

       ရခိုင်ပြည်နယ်၊ အမ်း-ပဒါန်း ဆက်သွယ်ထားရှိသည့်  အများပြည်သူ အသုံးပြု လျက်ရှိသော လမ်း ကြောင်းပေါ်၌ သွားလာလျက်ရှိသည့် အရပ် သားပြည်သူများ စီးနင်း လာသည့်မော်တော်ယာဉ်များအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နှောင့်ယှက် ပစ် ခတ်ဟန့်တားခြင်းများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် အမ်းမြို့နယ်မှ ပဒါန်းမြို့နယ်သို့ မောင်းနှင်လာပြီး ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် Canter အမျိုးအစား မော်တော်ယာဉ်အား အမ်းမြို့နယ်မှ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ နေရာ၌ AA အကြမ်းဖက်သောင်းကျန်း သူများက နှောင့်ယှက်ပစ်ခတ်ဟန့်တားခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၄ ဦး တို့တွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

       ထို့အပြင် AA အကြမ်းဖက်သောင်းကျန်းသူများ သည် ဖြစ်စဉ်နေရာမှ မီတာ ၂၀၀ ခန့်အကွာနေရာ၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် မော် တော်ယာဉ် ၁၀ စီးအား ရပ်တန့်စေခဲ့ကာ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၄ ဦးတို့အား အတင်းအဓမ္မ ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။

        အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းဘူးမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ဖြစ်စဉ်နေရာအနီးတဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN