အိန္ဒိယက ကနေဒါမှ မဟာမင်းကြီးအပါအဝင် သံတမန်ခြောက်ဦးကို နှင်ထုတ်


(နိုင်ငံတကာ) စက်တင်ဘာ ၁၇

အိန္ဒိယအစိုးရက ကနေဒါနိုင်ငံမှ မဟာမင်းကြီး စတီးဝါ့ရော့ဝှီးလာ အပါအဝင် သံတမန်ခြောက်ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်းနှင့် အောက်တိုဘာလ ၁၉ ရက် နောက်ဆုံးထား၍ နိုင်ငံအတွင်းမှထွက်ခွာရန် ညွှန်ကြားထားကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်တွင် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၌ ဆစ်လူမျိုးတစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာမှုများ မြင့်တက်လာနေစဉ် ယခုကဲ့သို့ သံတမန်များကို နှင်ထုတ်မှု ဖြစ်ပွားလာခြင်းဖြစ်သည်။

ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယမဟာမင်းကြီး အပါအဝင် သံတမန်အရာရှိအချို့မှာ ဆစ်လူမျိုးအသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခံရမည့်စာရင်းတွင် ပါဝင်နေသူများဖြစ်ကြောင်း ကနေဒါဘက်က သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်လာသည်ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်။

ယခုအခါ အဆိုပါဆစ်လူမျိုး အသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် အိန္ဒိယအစိုးရက စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN