ဟားခါးမြို့တွင် ညဘက်အိမ်ပြင်မထွက်ရန် CDF သတိပေး

(ပြည်တွင်း) အောက်တိုဘာ

ချင်းပြည်နယ် ဟားခါးမြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အိမ်ထဲမှ အိမ်ပြင်မထွက်ကြရန် Chinland Defense Force – Hakha မှ သတိပေးထုတ်ပြန်ထားသည်။

မိမိတို့မွေးထားသော အိမ်မွေးခွေးများကို ရောင်းချရန် သို့မဟုတ် သတ်ဖြတ်ရန် ဇူလိုင်လ ၃၀ ရက်ကအသိပေးထုတ်ပြန်ထားခဲ့ပြီးဖြစ်ခြင်းကြောင့် မလုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဟု CDF – Hakha မှ ထပ်မံ အသိပေး ထုတ်ပြန်ထားသည်။

အိမ်မွေးခွေးများအား ရှင်းလင်းခိုင်းခြင်းမှာ ယင်းခွေးများကြောင့် တော်လှန်ရေးအား အနှောက်အယှက်ဖြစ်စေသဖြင့် ဟားခါးမြို့တွင် ခွေးမွေးခွင့်မရှိကြောင်းနှင့် အိမ်ပြင်ထွက်နေသည့် လမ်းပေါ်မှ ခွေးများကို မည်သူမဆို သတ်ခွင့်ရှိသည်ဟု ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က CDF – Hakha မှ အသိပေးထုတ်ပြန်ထားသည်။

#PAN