စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်း

(စီးပွား​ရေး) အောက်တိုဘာ ၁၅

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၆,၃၅၅ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ ၆,၄၅၅ ကျပ်ဖြစ်၍ ယခုတစ်ပတ်မှာ ၁၀၀ ကျပ် ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

လက်လီဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာ သုံးပတ်ဆက်တိုက် ဈေးကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။

#PAN