ဂေါဝိန်သင်္ဘောဆိပ်တွင် ဆိုက်ကပ်ထားသည့် ဆီ သင်္ဘောမီးလောင်


(ပြည်တွင်း)စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ၊မဟာအောင်မြေမြို့ နယ်၊စိန်ပန်းရပ်ကွက်၊၃၇×၃၈ လမ်း ကြား၊ကမ်းနားလမ်း၊ဂေါဝိန်သင်္ဘောဆိပ် မြစ်ကမ်း၌ ယမန်နေ့ မွန်းလွဲ၁နာရီ၂၅မိနစ်အချိန်ခန့်က ဆိုက်ကပ်ထားသည့် သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်အား မီးသတ်ဦးစီးဌာနမှ စစ်ဆေးခဲ့ရာ ဘိလပ်မြေ၊ကျောက်မှုန့်၊ကော်ပိုက်၊သံဗြုံးအိုးများတင်ထားသည့် နိုင်းစည်သူ၊၂၁နှစ်၊(ဘ)ဦးဝင်းမြိုင်၊သင်္ဘောတာဝန်ခံ၊ဘိုကုန်းရွာ၊ရွှေကူမြို့နယ်၊ကချင်ပြည်နယ်နေသူ ပိုင်ဆိုင်သည့် ရာဇာသိင်္ခ သင်္ဘော (ဗန်းမော်-မန္တလေး)တွင် ဆီပေပါများ ထည့်ထားသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာမှ ဆီငွေ့နှင့် ဂဟေမီးပွား ထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဘိလပ်မြေ အိတ်(၃၀၀)၊တစ်အိတ်လျှင်(၉၀၀၀)ကျပ်၊ပေါင်း(၂၇ဝဝဝဝဝ)ကျပ်၊ထုံးအိတ် (၁၀၀)အိတ်၊တစ်အိတ်လျှင်(၂၅၀၀) ကျပ်၊ပေါင်း(၂၅၀၀၀၀)ကျပ်၊ဒီဇယ် ၁၀၀ ပေပါ၊တစ်ပေပါလျှင် (၅၀၀၀၀၀)ကျပ်၊ပေါင်း (၅၀၀၀၀၀၀၀)ကျပ်၊ပစွည်းတန်ဘိုး(၅၂၉၅၀၀၀၀)ကျပ်၊သင်္ဘောကိုယ်ထည် တန်ဘိုး (၆၀၀၀၀၀၀၀) ကျပ်၊စုစုပေါင်း ဆုံးရှုံမှုတန်ဘိုး (၁၁၂၉၅၀၀၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်း၊ ဂဟေမီးအား ပေါ့ဆစွာအသုံးပြုခဲ့သူ နိူင်းစည်သူအား အမှုဖွင့် အရေး‌ယူထားကြောင်း သိရသည်။

#PAN