အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ပြီး ပစ်မှုကျူးလွန်ခဲ့သူ တရားခံ ၃ ဦးအားပြစ်ဒဏ်ချမှတ်


(ပြည်တွင်း) အောက်တိုဘာ ၁၅

ယမန်နေ့က တမူးမြို့နယ်တရားရုံးက အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ပြီး ပစ်မှုကျူးလွန်ခဲ့သူ တရားခံ ၃ ဦးအား အသီးသီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

တမူးမြို့နယ် စန္ဒကူးရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ရန်စည်းရုံးခြင်း၊ အကြမ်းဖက်အဖွဲ့မှန်းသိလျက်နှင့် ဝင်ရောက်ခြင်း၊ အကြမ်းဖက် သမားများက စေခိုင်းသည့်အတိုင်း ဆောင်ရွက်ခြင်းတို့ကို ကျူးလွန်ခဲ့သူ တရားခံ လွန်မင်လာလ်နှင့် ဖြိုးပိုင်ဇော်တို့ ၂ ဦးကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေပုဒ်မ ၈၉(င)အရ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်ထိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ တမူးမြို့နယ်စော်ဘွား(၁၀)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ခြင်း၊ ပြည်သူ့ပိုင်လမ်းပေါ်တွင် ဆက်ကြေးကောက်ခြင်း၊ လုံခြုံရေးအဖွဲ့များ၏လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းပေးခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ဇင်ကိုမင်းထိုက်(ခ)ဆေးမင်လာလ်(ခ)စိန်မင်လလ်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေပုဒ်မ ၈၉(င)အရ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် ၂၀၂၇ ခုနှစ် အောက်တိုဘာလ ၁၄ ရက်ထိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN