ဂေါဝိန်သင်္ဘောဆိပ်မြစ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား


(မှခင်း) အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇×၃၈ လမ်းကြား၊ ကမ်းနားလမ်း၊ ဂေါဝိန်သင်္ဘောဆိပ်မြစ်ကမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်ခန့်ကကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် စိန်ပန်းရပ်ကွက်၊ ၃၇×၃၈ လမ်းကြား၊ ကမ်းနားလမ်း၊ ဂေါဝိန်သင်္ဘောဆိပ်မြစ်ကမ်း၌ ဆိုက်ကပ်ပြီး ဘိလပ်မြေ၊ ကျောက်မှုန့်၊ ကော်ပိုက်၊ သံဗြုံးအိုးများတင်ထားသည့် သင်္ဘောတာဝန်ခံ၊ ဘိုကုန်းရွာ၊ ရွှေကူမြို့နယ်၊ ကချင်ပြည်နယ်နေသူ ပိုင်ဆိုင်သည့် ရာဇာသိင်္ခသင်္ဘော အမည်ရှိ ကုန်တင်သင်္ဘောတစ်စီး(ဗန်းမော်-မန္တလေး)မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါ မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းအား မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးခဲ့ရာ ဆီပေပါများထည့်ထားသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာ ဆီငွေ့နှင့် ဂဟေမီးပွားထိတွေ့ရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် ဘိလပ်မြေအိတ်(၃၀၀)၊ တစ်အိတ်လျှင်(၉၀၀၀)ကျပ်၊ ပေါင်း(၂၇ဝဝဝဝဝ)ကျပ်၊ ထုံးအိတ်(၁၀၀)အိတ်၊ တစ်အိတ်လျှင်(၂၅၀၀)ကျပ်၊ ပေါင်း(၂၅၀၀၀၀)ကျပ်၊ ဒီဇယ် ၁၀၀ ပေပါ၊ တစ်ပေပါလျှင်(၅၀၀၀၀၀)ကျပ်၊ပေါင်း(၅၀၀၀၀၀၀၀) ကျပ်၊ ပစွည်းတန်ဘိုး(၅၂၉၅၀၀၀၀)ကျပ်၊ သင်္ဘောကိုယ်ထည် တန်ဘိုး(၆၀၀၀၀၀၀၀)ကျပ်၊ စုစုပေါင်း ဆုံးရှုံမှုကာလတန်ဘိုး(၁၁၂၉၅၀၀၀၀)ကျပ် ဆုံးရှုံးခဲ့ကြောင်းနှင့် ဂဟေမီးအား ပေါ့ဆစွာအသုံးပြုခဲ့သူ သင်္ဘောတာဝန်ခံအား မဟာအောင်မြေမြိုနယ်၊ အမှတ်(၇) နယ်မြေရဲစခန်းမှ (ပ)၁၅၆/၂၀၂၄၊ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN