လက်ဘနွန်နယ်စပ်၌ တိုက်ပွဲများဖြစ်ပွားပြီး အစ္စရေးက လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို ဗုံးကြဲ တိုက်ခိုက်


(နိုင်ငံတကာ) စက်တင်ဘာ ၁၄

လက်ဘနွန်နယ်စပ်၌ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားကြောင်းနှင့် အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့နှင့် သတင်းဌာနတစ်ခုတို့က အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဟစ်ဇ်ဘိုလာတပ်ဖွဲ့က ၎င်းတို့သည် ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိနေသည်ဟု ပြသသည့်အနေဖြင့်လည်းကောင်း၊ လက်ဘနွန်ကို ကာကွယ်သည့် အနေဖြင့်လည်းကောင်း ရမ်ယာမြို့သို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးတပ်ဖွဲ့များကို ပစ်မှတ်ထား၍ တိုက်ပွဲများဆင်နွှဲကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အစ္စရေးတိုက်လေယာဉ်များနှင့် အမြောက်တပ်ဖွဲ့တို့က လက်ဘနွန်နိုင်ငံတောင်ပိုင်း နှင့် အရှေ့ပိုင်းတို့ရှိ လူနေရပ်ကွက်များအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒူဘိုင်းအခြေစိုက် သတင်းဌာနတစ်ခုက ထုတ်ပြန်ထားသည်။

ဗုံးကြဲတိုက်ခိုက်မှုသည် အစ္စရေးတပ်ဖွဲ့များက ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းနေသည့် လက်ဘနွန်တောင်ပိုင်းရှိ ရပ်ကွက်နှစ်ခုအပေါ်နှင့် လက်ဘနွန်အရှေ့ပိုင်း ဘီကာတောင်ကြားရှိ ရပ်ကွက်သုံးခုကို အောက်တိုဘာလ ၁၃ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အလားတူ အစ္စရေးက မြေထိုးစက်များဖြင့်လည်း လက်ဘနွန်သို့ ဝင်ရောက်လာကြောင်း Sputnik သတင်းဌာနတွင်ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN