ပြည်ကြီးတံခွန်မြို့နယ်တွင် ယာဥ်ထိန်းရဲမေတစ်ဦးအား ဆိုင်ကယ်စီးလာသည့် အကြမးဖက်သမား နှစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေး


(ပြည်တွင်း) စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅ လမ်းနှင့် ၆၂ လမ်းထောင့်၌ ယနေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က အမှတ်(၈၇)ယာဥ်ထိန်းတပ်ဖွဲ့စုမှပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဥ် ဆိုင်ကယ်ဦးထုပ်ဆောင်းမထားသည့် ဆိုင်ကယ်အားတားဆီးစစ်ဆေးရာမှ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ အမှတ်(၈၇)ယာဥ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ် သိင်္ဂီဝင်း ဦးဆောင်သည့် ယာဥ်ထိန်းတပ်ဖွဲ့သည် ဆိုင်ကယ်များအား တားဆီးစစ်ဆေးနေစဥ်တွင် CZI ဆိုင်ကယ်အမျိုးအစား၊အနက်ရောင်စီးနင်းလာသည့် အမျိုးသား ၂ ဦးအနက် ဆိုင်ကယ်ပေါ်တွင် နောက်ထိုင်လိုက်ပါလာသည့် အမျိုးသား(အင်္ကျီအပြာရောင်ဝတ်ဆင်ပြီး ဦးထုပ်အဝါရောင်ဆောင်းထားသည့် အမျိုးသား)မှသေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် ရဲအုပ် ဖူးပွင့်ဇော် တွင် ယာ-နောက်ပြင်မှ ဖောက်ဝင်ပြီး ယာရင်အုံအပေါ်ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ထိုသို့ ပစ်ခတ်ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ မြောက်မှတောင်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဥ် ဖြစ်ပွားရာနေရာမှ A USA 9mm Luger ငွေရောင် ကျည်ခွံ ၁ခုတွေ့ရှိရကြောင်း၊ထိမှန်ဒဏ်ရာရရှိသူ ဒုရဲအုပ် ဖူးပွင့်ဇော်အား မဆရ (၁)စစ်ဆေးရုံသို့ တင်ပို့ကုသထားကြောင်းသိရှိရသည်။

Webpage>>…
https://positiveanglenews.com/2024/10/13/သုခတော်ဝင်အိမ်ရာ၊-နေအိမ/

VK Link>>…
https://vk.com/wall-220066330_8688

Telegram»…
https://t.me/positiveanglenews

PAN