အရက်ဆိုင်တွင် အရက်သောက်နေသူ ၂ ဦးအား အကြမ်းဖက်သမား PDF မဖွဲ့က သေနတ်ဖြင့် ပစ်ခတ်


(ပြည်တွင်း) စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ အောင်သပြေရပ်ကွက်ရှိ “အောင်မြင်သူ”(လိုင်စင်ရ) အရက်ဆိုင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က “အောင်မြင်သူ” အရက်ဆိုင်သို့ အသက် ၃၅ နှစ်အရွယ် အမည်မသိအမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးဆိုင်အတွင်းဝင်ရောက်ကာ အရှေ့ဘက်စားပွဲတွင် အရက်ထိုင်သောက်နေသည့် ဦးဌေးလှိုင်ထွန်း၊ အသက် ၄၀ နှစ်၊ သီတာရပ်ကွက်နေသူ နှင့် မင်းအောင်၊ အသက် ၃၉ နှစ်၊ ယဉ်တော်စံကျေးရွာနေသူတို့အား ပစ္စတိုသေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်သမား ၂ ဦး၏ ပစ်ခတ်မှုကြောင့် ဌေးလှိုင်ထွန်းတွင် လည်ပင်းမှ ပါးစပ်ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မင်းအောင်တွင် ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒဏ်ရာရသူ ၂ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN