အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ချေးငွေရယူမှုများ လျှောက်ထားနိုင်


(ပြည်တွင်း) အောက်တိုဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀(ဂ)တွင် သတ်မှတ် ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထား ရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေး သောချေးငွေများကို ရယူလိုသူ MSME လုပ်ငန်းရှင်များ အနေနဲ့ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များဖြစ်ကြတဲ့ ကမ္ဘာ့ရတနာဘဏ် လီမိတက်၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ် လီမိတက်၊ ပြည်ထောင်စု ဘဏ်လီမိတက်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ သမဝါယမဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင် ဘဏ်လီမိတက်၊ မြန်မာမက်ထရိုဘဏ် လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ သတ္တုဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဘဏ်နှင့် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့မှာ ချေးငွေများလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေနဲ့ နယ်မြေ/တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်သလို နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN