တောင်ကိုရီးယားသို့သွားသည့် လမ်းအားလုံးဖြတ်တောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားပြော


(နိုင်ငံတကာ) အောက်တိုဘာ ၉

မြောက်ကိုရီးယားနိုင်ငံမှ တောင်ကိုရီးယားသို့သွားသည့် မီးရထားလမ်းနှင့် ကားလမ်းများအား ယနေ့ ဗုဒ္ဓဟူးနေ့မှစတင်၍ ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနယ်စပ်များအား အပြီးအပိုင်ဖြတ်တောက် ပိတ်ဆို့ပြီး ၎င်းတို့၏ နယ်မြေများအား ခိုင်ခံ့စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်က ပြောကြားခဲ့သည်။

ယခုနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုသည် အမြင့်ဆုံးအခြေအနေတွင် ယခုလုပ်ရပ်ကြောင့် တင်းမာမှုပိုမိုမြင့်တက်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အနောက်နိုင်ငံအခြေစိုက်မီဒီယာများကဆိုသည်။

“ကိုရီးယားကျွန်းဆွယ်တွင် ပြင်းထန်သည့် စစ်ရေးအခြေအနေများကြောင့် အမျိုးသားလုံခြုံရေးကို ပိုမိုဂုဏ်ရှာစွာ ကာကွယ်နိုင်ရေးအတွက် မြောက်ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပိုမိုပြတ်သားပြီး ခိုင်ခံ့တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN