အစ္စရေးက လက်ဘနွန်အနောက်တောင်ပိုင်း၌ မြေပြင်စစ်ဆင်ရေးများ စတင်


(နိုင်ငံတကာ) အောက်တိုဘာ ၉

အစ္စရေးစစ်ဘက်က လက်ဘနွန်နိုင်ငံအနောက်တောင်ပိုင်း၌ နယ်မြေချဲ့ထွင်သည့်အနေဖြင့် မြေပြင် စစ်ဆင်ရေးများကို စတင်လုပ်ဆောင်နေပြီဟု အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

အစ္စရေး အနေဖြင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ အဖွဲ့အပေါ် ဖိအားများစွာ ပေးထားနိုင်နေစဉ် ယခုကဲ့သို့မြေပြင်မှ ကျူးကျော် တိုက်ခိုက်မှုများကို လုပ်ဆောင်လာ ခြင်းဖြစ်သည်။

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင်များသေဆုံးထားသည့်အတွက် ထိုအဖွဲ့အနေဖြင့် ငွေကြေးအပါအဝင် ထောက်ပံ့ရေး အခက်အခဲများ နှင့် ရင်ဆိုင်နေရသည်။

တစ်ချိန်တည်းမှာပင် အီရန်အစိုးရ က အစ္စရေးအပေါ် ဒုံးမိုးရွာတိုက်ခိုက်မှုအပြီး သီတင်းပတ် တစ်ပတ်အကြာတွင် ၎င်းတို့၏နိုင်ငံအပေါ် လက်တုံပြန် တိုက်ခိုက်လာပါက အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး စစ်မီးတောက် စေရမည်ဟု သတိပေးထားသည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ် အာရက်ကီ က အောက်တိုဘာ လ ၈ ရက်မှစ၍ ဒေသတွင်းနိုင်ငံများသို သွားပြီး အစ္စရေး အရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ လုပ်မည်ဖြစ် ကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN