ဆိုင်ကယ်စီးနှင်းလာသည့် မသင်္ကာသူနှစ်ဦးအား စစ်ဆေးရာမှ အကြမ်းဖက်သမားများအားဖမ်းဆီးရမိ


(ပြည်တွင်း) အောက်တိုဘာ ၈

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့များသည် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် အတွင်းဆောင်ရွက်နေစဉ် အမျိုးသား ၂ ဦးစီးနင်းလာသည့် Honda Wave ခဲမဲရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ အကြမ်းဖက်သမားများဖြစ်ကြောင်း စိစစ်တွေ့ရှိရဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ ကောင်းမြတ်စိုး (ခ)ဖိုးကောင်း (၁၉)နှစ်၊ ဥတ္တံတားအတွင်းရွာ၊ မောင်းနှင်ပြီး နောက်မှလိုက်ပါစီးနင်းသူ အေးချမ်း (၁၄)နှစ်၊ ဥတ္တံတား အတွင်းရွာ၊ တို့ (၂)ဦးတို့၏ ဖုန်းများအား လုံခြုံရေးအရ စစ်ဆေးရာ ကောင်းမြတ်စိုး(ခ)ဖိုးကောင်းသည် KNU/PDF တပ်မဟာ(၁)၊ရင်း(၂)၊ ခွဲ(၂) ကလောတကျေးရွာတွင် သင်တန်း(၄)လခန့် သင်တန်းတက်ရောက်ပြီး သန်းခေါင်စာရင်း ကောက်ယူစဉ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ရောက်ရှိသတင်းယူနေခြင်းဖြစ်ပြီး သထုံမြို့၊ ဝင်းဘုန်း ကျေးရွာတွင်အခြေပြု၊ PDF/KNU အင်အား (၂၀၀)ဦးခန့်ရှိကြောင်း၊ ၎င်းသည် လွန်ခဲ့သော တစ်ပတ်ခန့်တွင် အခြားသူ(၄)ဦးနှင့်အတူ ဥတ္တံတားအတွင်းရွာတွင် နေထိုင်နေကြောင်း စစ်ဆေးချက်များအရ သိရသည်။

၎င်းတို့အား စစ်ဆေးချက်များအရ ကရင်လူငယ်အစည်းအရုံး (Karen Youth Organization- KYO)တွင် သင်တန်း တက်ရောက်ခဲ့သည့် ဥတ္တံတားအပြင်ကျေးရွာနေ သန့်ဇင်(ခ)ဖိုးလု(၁၆)နှစ်အား ၎င်း၏ နေအိမ်တွင်ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ထပ်မံစစ်ဆေးချက်အရ ပေါင်မြို့နယ် ညောင်ကုန်းကြီးရွာတွင် နေထိုင်သော သိန်းနိုင် (၄၆)နှစ် နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် စစ်ဆေးချက်အရ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာ ပင်လယ်ကမ်းစပ်အနီးတွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည့် မင်းချမ်းသာနှင့် အပေါင်းပါ ၃ ဦး စုစုပေါင်း ၄ ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့များက သဲကုန်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးတွင် သါာရောက်ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးမှုတွင် မင်းချမ်းသာ(ခ)စောချမ်းသာ၊ ၂၄နှစ်၊ ၁၁ရပ်ကွက်၊ ဥတ္တံတားကျေးရွာ၊ ပေါင်မြို့နယ်၊ ဦးစန်းဝင်း(၄၈)နှစ်၊ (ဘ)ဦးထွန်းကြည်၊ ၁၃ ရပ်ကွက်၊ ပန်းတော ကျောင်းရှေ့၊ ဇင်းကျိုက်မြို့၊ပေါင်မြို့နယ်၊ စထူး(၃၄)နှစ်၊ သဲပုံစေတီလမ်း၊ ကတိုက်ကျေးရွာ၊ ပေါင်မြို့နယ်နှင့် ဦးစိန်သောင်းကြည် (၆၃)နှစ်၊(ဘ) ဥတ္တံတား ကျေးရွာ၊ ပေါင်မြို့ နယ်နေသူတို့ (၄)ဦးအား M16 လုပ်သေနတ် (၂)လက်၊ ကျည်အိမ် (၂) ခု ၅.၅၆ ကျည်( ၄၀) တောင့် တို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN