AFC/MFF “A” Diploma Coaching Course – Module I နည်းပြသင်တန်း ဖွင့်လှစ်မည်


(အားကစား )အောက်တိုဘာ ၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က AFC/MFF “A” Diploma Coaching Course – Module I သင်တန်းကို ဒီဇင်ဘာလ ၂ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို မြန်မာ့‌ဘောလုံးအားကစား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝသည့် နည်းပြဆရာများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သည့် သင်တန်းနည်းပြဆရာများမှ သင်ကြားပေးမည်ဖြစ်ပြီး အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း အသိပေး ထားပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာကို ရယူပြီး ပြည့်စုံစွာဖြည့်စွက်ကာ အောက်တိုဘာလ ၁၅ ရက် ညနေ ၄ နာရီ အထိ နောက်ဆုံးထားကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ နည်းပြပညာရေးဌာန(Coach Education)သို ပေးပို လျှောက်ထားရမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို သင်တန်းသားအရေအတွက် ကန့်သတ်ထားတာကြောင့် သတ်မှတ်ရက်အမီ ပေးပိုနိုင်ခြင်း မရှိသူများ၊ မပြည့်စုံ‌သောလျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ဘဲ တက်ရောက်ခွင့်ရရှိသူများကိုတော့ အချိန်မီပြန်လည် အကြောင်းကြားပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN